ဝါးခယ်မ ဇန်နဝါရီ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ တံတားကြီးကျေးရွာအုပ်စု၊ ဇလပ်ချောင်းကျေးရွာ၊ သာသနာ့ရက္ခိတဖူကျိုက် ကျောင်းတိုက်၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျုံမငေးမြို့အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၎င်းကျေးရွာရှိ ဒေသခံပြည်သူများနှင့်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုဖြင့် ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးအစီအမံများ၊ ကျေးရွာလျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ၊ အခြေခံလူဦးရေစာရင်းများ တိကျမှန်ကန်ရေးအတွက် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းများ၊ ကျေးလက်လမ်း ခင်းကျင်းရန်လျှာထားမှုများ၊ နွေစပါး၊ ပဲတီစိမ်း၊ နေကြာစသည့် သီးနှံစိုက်ပျိုးဖြစ်ထွန်းမှုတို့အား အသိပေးဆွေးနွေးကာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ပူးပေါင်းပါဝင်ရန်လိုအပ်မှုအား အကျယ်တဝင့် ရှင်းလင်းပြောကြား၍ လိုအပ်သောလုံခြုံရေးအစီအမံများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)