ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းဝေး ပုသိမ်မြို့တွင်ကျင်းပ

ပုသိမ် ဇန်နဝါရီလ ၁၂

ဧရာဝတီတိုင်းဒေသကြီးနှင့် ပုသိမ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က လူမှုဝန်ထမ်းရုံး အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ၊
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမူရေးရာဝန်ကြီးကိုယ်စား တိုင်းဒေသကြီး အထွေထွေအုပ်ချုပ်​ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်ခင်လှမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး တိုင်းလူမှုဝန်ထမ်းရုံး ညွှန်ကြားရေးမှူး ဒေါ်နော်သဝါးမှ ကလေးသူငယ်များကို ထောက်ပံ့ပေးနိုင်ခဲ့မှုများနှင့် ဆက်လက်ထောက်ပံ မှုများပြုလုပ်ရန် ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားကာ ယခင်အစည်း အဝေးဆုံးဖြတ်ချက်များနှင့် စပ်လျဉ်း၍ဆောင်ရွက်ထားရှိမှုနှင့် ကလေးသူငယ်အခွင့်အရေးများ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။

အခမ်းအနား တက်ရောက်လာသူများမှ အထွေထွေကိစ္စရပ်များ ဆွေးနွေးတင်ပြခဲ့ကြပြီး ရှေ့လုပ်ငန်း စဉ်များချမှတ်ကာ အစည်းဝေးတက်ရောက်လာသူများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းဓါတ်ပုံ ရိုက်ခဲ့ကြကြောင်း သိရသည်။

မြင့်ဟန် ပုသိမ်ခရိုင် (ပြန်ဆက်)