ကလေးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

ကလေး ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူရေး လုပ်ငန်းများကို ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ကစတင်ပြီး အုပ်စုများခွဲ၍ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ မြေပြင်ကွင်းဆင်းလူဦးရေစာရင်း ကောက်ယူရာသို့  ကလေးခရိုင် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကော်မတီဥက္ကဋ္ဌ  ကလေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဦးဆောင်သော ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက  မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့၏  တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေမှု့တို့အား လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည့်အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ကလေးမြို့တွင်ရပ်ကွက်ပေါင်း (၂၁) ရပ်ကွက်ရှိရာ ရပ်ကွက် (၁၁) ရပ်ကွက်ကို စံပြရပ်ကွက်များအဖြစ်  မြေပြင်ကွင်းဆင်းလူဦးရေစာရင်းကောက်ယူရေးအဖွဲ့များက ဇန်နဝါရီလ (၉) ရက်နေ့မှ ဇန်နဝါရီလ (၃၁) ရက်နေ့အထိ (ရုံးပိတ်ရက်များမပါ)    နံနက် ၈ နာရီခွဲမှညနေ ၄ နာရီခွဲအထိ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်းကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)