မအီမြို့ အမှတ်(၄)ရပ်ကွက် (ပြင်ဝန်း) အလယ်တန်းကျောင်း(ခွဲ)တွင် အားကစားပြိုင်ပွဲများကျင်းပ

မအီ    ဇန်နဝါရီ     ၁၁

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ အမှတ်()ရပ်ကွက် အလယ်တန်းကျောင်း(ခွဲ) ပြင်ဝန်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

အားကစားပြိုင်ပွဲများကို အလယ်တန်း/မူလတန်းအဆင့် ကျောင်းသူ/ကျောင်းသားများက ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်ပြီးပြိုင်ပွဲများအနေဖြင့် အလယ်တန်းအဆင့် (ကျား) ဘောလုံးအားကစားပြိုင်ပွဲကို အသင်း()သင်းဖြင့် အမှတ်()ရပ်ကွက် အားကစားကွင်းတွင် ဇန်နဝါရီ () ရက်နေ့က ယှဉ်ပြိုင်ကစားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် လွန်ဆွဲပြိုင်ပွဲ၊ ခေါင်းအုံးရိုက်ပြိုင်ပွဲ၊ စံကောရွက်ပြိုင်ပွဲ၊ အမြင့်ခုန်ပြိုင်ပွဲနှင့် မီတာ(၁၀၀) အပြေးပြိုင်ပွဲများကို အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူများက  ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကာ အပ်ချည်ထိုး၊ ဖားခုန်၊ ဂုန်နီအိတ်စွပ်၊ ကွမ်းသီးကောက်၊ မုန့်စား စသည့် အားကစားပြိုင်ပွဲများကို အလယ်တန်း/မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများက ယှဉ်ပြိုင်ကစားခဲ့ကြသည်။

ဖော်ပြပါ အားကစားပြိုင်ပွဲများ၌ ဆုရရှိသူများကို  ဇန်နဝါရီ (၁၂)ရက်နေ့ ညနေပိုင်းတွင် ၂၀၂၂- ၂၀၂၃ ပညာသင်နှစ်၊ ..က(ခွဲ) ပြင်ဝန်း၏ ပညာရေးစုံညီပွဲတော် ပဒေသာကပွဲ ကျင်းပပြုလုပ်ရာ စင်မြင့်ပေါ်၌ ဆုချီးမြှင့်ပေးသွားမည် ဖြစ်ကြောင်း၊ ဆုချီးမြှင့်ပွဲတွင် (၄၈)နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသားကျောင်းသူများကိုလည်း တစ်ပါတည်း ချီးမြှင့်ပေးသွားမည်ဖြစ်ပါကြောင်းတို့ကို အဆိုပါ က(ခွဲ) ပြင်ဝန်းကျောင်းမှ တာဝန်ခံကျောင်းအုပ်ကြီး ဦးထွန်းထွန်းမင်းက ပြောကြားခဲ့သည်။

မောင်မောင်ဌေး(ပြန်/ဆက်)