လဟယ် ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့ အခြေခံပညာအထက် တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရည်ချွန်ဆုပေးပွဲနှင့် ကျောင်းအဆင့်အားကစားပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်း ပညာရေးစုံညီပွဲတော်ကို ယနေ့ နံနက်(၉)နာရီအချိန် အဆိုပါ ကျောင်းဝန်းရှိချယ်ရီမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
အခမ်းအနားကို G-11 ကျောင်းသား/သူများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး နာဂဒေသကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့အတွင်းရေးမှူး ဦးနေမင်းသူက အဖွင့်အမှာစကားပြောကြားပြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအဆင့် ပညာရေးမှူး ဦးဆန်းဦးက ပညာရေးစုံညီပွဲတော်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပါသည်။
၎င်းနောက်လဟယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဇော်ဦးက ပညာရေးစုံညီပွဲတော် ဖြစ်မြောက်ရေး အတွက် ကျေးဇူးတင်ဝမ်းမြောက် စကားပြောကြားပြီး G-11 မှ ကျောင်းသား/သူများက ထာဝရသစ္စာသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပါသည်။
ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ပညာရည်ချွန်ဆုရရှိသော ကျောင်းသား/သူများနှင့် ကျောင်းအားကစားပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား/သူများအား တက်ရောက်ကြသော ဒေသ/မြို့နယ် အဆင့်ဌာနဆိုင်ရာများက အသီးသီးဆုများကိုချီးမြှင့်ပေးခဲ့ပါသည်။
လဟယ်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲသို့ ဒေသ/မြို့နယ်ဆင့်ဌာနဆိုင်များ၊ ဆရာ/မများ ကျောင်းသား/သူများ ကျောင်းသားမိဘများ တက်ရောက်ကြပါသည်။
မြို့နယ် ပြန်/ဆက်