အမာမြို့ အထကကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose) ထိုးနှံပေးခဲ့

အမာ ဇန်နဝါရီ ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း (Booster Dose) ထိုးနှံပေးခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ()ကြိမ်ဆက်တိုက် ထိုးနှံပြီးစီးမှု ()လပြည့်ပြီးသည့် KG တန်းမှ Grade-5 တန်းထိ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ (၁၉၉)ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်းနှင့် ကျေးလက်ကျန်းမာရေးဦးစီးဌာနမှ ဆရာမများ၏ ကာကွယ်ဆေးထိုးနှံပေးမှုကို အထကကျောင်းမှ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)