ဘိုကလေးမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကောက်ယူနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ကွင်းဆင်းကြပ်မတ်

ဘိုကလေး ဇန်နဝါရီ ၁၁

လူဦးရေစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ဇန်နဝါရီ(၉)ရက်နေ့မှ စတင်၍ ဘိုကလေးမြို့နယ် တစ်မြို့နယ်လုံး၌ သက်ဆိုင်ရာ ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများပူးပေါင်း၍ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ၏ ကြီးကြပ်မှုနှင့်အတူ တစ်အိမ်ဝင်တစ်အိမ်ထွက် မြေပြင်လူဦးရေစာရင်းများ ကွင်းဆင်း ကောက်ယူဆောင်ရွက်လျက်ရှိသည်။

အဆိုပါ စာရင်းကောက်ယူမှု အခြေအနေများအား ယနေ့နေ့လယ်(၂)နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် အဖွဲ့မှ ဘိုကလေးမြို့ပေါ်နှင့် မြို့နှင့် နီးစပ်ရာ ကျေးရွာအုပ်စုများသို့  ကွင်းဆင်းကြပ်မတ်၍ စာရင်းကောက်ယူရေးလုပ်ငန်းစဉ်များ အဆင်ပြေချောမွေ့စေရေး၊ အခက်အခဲများမရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စာရင်းကောက်ယူရေးလုပ်ငန်းစဉ်အား ဇန်နဝါရီလ(၃၁)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မိုးစက်(ဘိုကလေး)