မြောက်ဦးခရိုင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ခရိုင်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြောက်ဦး  ဇန်နဝါရီ  ၁၁

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထမ္မရာဇ်ရပ်ကွက်ရှိ ခရိုင်အထွထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  ယမန်နေ့လယ် ၁ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြောက်ဦးခရိုင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်မှ မြို့နယ်အတွင်း လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ကွင်းဆင်းလုပ်ဆောင်ရာတွင် အိမ်ထောင်စုစာရင်း မှန်ကန်မှုရှိမရှိ ဂရုတစိုက်ဝိုင်းဝန်းလုပ်ဆောင်ကြရန် စသည်တို့ကိုပြောကြားခဲ့ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင်မှလည်း အခြေခံပညာကျောင်းများရှိ ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုအခြေအနေနှင့် ရုံးဝန်ထမ်းများ မိမိတို့ဌာနအလိုက် သန့်ရှင်းသာယာလှပရေးအတွက် အပတ်စဉ်သန့်ရှင်းရေးလုပ်ဆောင်ကြရန် စသည်အကြောင်းအရာများကို ပြောကြားသည်။

ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ခင်မောင်စိုးကလည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ဌာနဆိုင်ရာတို့ပူးပေါင်း၍ ယဉ်စည်းကမ်၊ လမ်းစည်းကမ်းများကို ကွင်းဆင်း လုပ်ဆောင်ကြရန် တို့ကိုပြောကြားခဲ့ပြီးနောက်  ခရိုင်အဆင့်ဌာနဆိုင်ရာများမှလည်း မိမိတို့ဌာနအလိုက် လိုအပ်သည်များသည်များကို ပြောကြားခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှခရိုင် အဆင့်ဌာနဆိုင်ရာများ ၏လုပ်ငန်းများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင်(ပြန်/ဆက်)