ဘူးသီးတောင် ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးအဖွဲ့သို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ယနေ့နံနက် ၁၁နာရီ အချိန် သွားရောက်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ကွင်းဆင်းစာရင်း ကောက်ယူသည့် နေရာများသို့ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကော်မတီဝင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျန်အေးနှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယဦးစီးမှူး ဦးအေးမောင်သိန်းနှင့် တာဝန်ရှိသူများက ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ စာရင်းကောက်ယူရေးအဖွဲ့များမှ အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူရာတွင် မှားယွင်းမှုမရှိစေရေးအတွက် ကျေးရွာအုပ်စုများရှိ တာဝန်ကျစာရင်း ကောက်ယူရေးအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံကာ ကျေးရွာနေပြည်သူများအား (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းအား ကွင်းဆင်းကြည့်ရှုကာ လိုအပ်သည် များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်း လုပ်ငန်းအား သက်ဆိုင်ရာ ဌာနများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးများက ဇန်နဝါရီ ၉ ရက်နေ့မှ စတင်၍ ရပ်ကွက်၊ကျေးရွာများ အုပ်စုများ၌ မြေပြင်ကွင်းဆင်းစာရင်းမှန်ရရှိရေး ကောက်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှကျော်( ပြန်/ဆက်