ကန်ကြီးထောင့် ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်အတွင်း စိုက်ပျိုးထားရှိသော ဆီထွက်သီးနှံနေကြာ စိုက်ပျိုးအောင်မြင်နေမှုများအား ပုသိမ်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီ ဥက္ကဋ္ဌ ဦးလင်းကိုကိုနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက်တွင် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပထမဦးစွာမြင်းကဆိပ်ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ တောင်သူဦးပါလကြည်၏ နေကြာစိုက်ခင်း အောင်မြင် ဖြစ်ထွန်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်အတွင်း ဆီထွက်သီးနှံနေကြာ စိုက်ပျိုးမှု လျာထားချက် ပြည့်မှီရေး စိုက်ပျိုးထားရှိသော ကျေးရွာစိုက်ခင်းများသို့ ဆက်လက်ကြည့်ရှုခဲ့ကြရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်အောင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကြည်မိုးတို့က လိုက်လံပြသ ရှင်းလင်းခဲ့ကြကြောင်း သိရှိရသည်။
မဇင်(ပြန်/ဆက်)