ရွှေသောင်ယံ ဇန်နဝါရီ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ သဲကုန်းကျေးရွာအုပ်စု၊ အုန်းချောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် (၈)နာရီက ကျင်းပ ဆောင်ရွက်သည်။
စုံညီပွဲတော်တွင် ရှေးဦးစွာ အထက-အုန်းချောင်း ကျောင်းအုပ်ဆရာမကြီးမှ အဖွင့်အမှာစကား ပြောကြားပြီးရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူးမှ အမှာစကား ပြောကြားပါသည်။ ဆက်လက်၍ ကျောင်းအကျိုးတော်ဆောင်ဥက္ကဋ္ဌမှ ကျေးဇူးတင်အမှာစကား ပြောကြားပြီး ကျောင်းဆရာမတစ်ဦးမှ ကျေးဇူးတင်စကား ဆက်လက်ပြောကြား ပေးပါသည်။
ထို့နောက် ဆုရကျောင်းသား၊ ကျောင်းသူများအား ဆုပေးပွဲအခမ်းအနားကို ကျင်းပပေးရာ တက်ရောက်လာကြသော ဌာနဆိုင်ရာအကြီးအကဲများမှ ဆုများအသီးသီး ပေးအပ်ခဲ့ကြသည်။
အခမ်းအနားသို့ ရွှေသောင်ယံမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသိန်းထိုက်နှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းဆရာ၊ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသား မိဘများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရွှေသောင်ယံ(ပြန်/ဆက်)