ကျွန်းလှမြို့နယ်၌ အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေး

ကျွန်းလှ ဇန်နဝါရီ ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၌ ပြည်သူများလူမှုဘဝ နေ့စဉ်စားသောက်ရာတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသောက်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ပိတောက်မြိုင်ရပ်ကွက်ဈေး၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများက ဆန်တစ်ပြည်၊ ဆီတစ်ဆယ်သား၊ ကြက်ဥငါးလုံး၊ ငါးခြောက် ၂၅ ကျပ်သားပါ ပစ္စည်းလေးမျိုးကို ငွေကျပ် ၃၀၀၀ ကျပ်ဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ အိမ်ထောင်စု ၁၈၀ ကို လက်ဝယ်အရောက် ရောင်းချပေးခဲ့သည်။

အ‌ဆိုပါ အခြေခံစားသောက်ကုန်များ ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများကြီးကြပ်ပြီး တစ်ပတ်လျှင်နှစ်ကြိမ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)