ကန့်ဘလူ ဇန်နဝါရီ ၁၁
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ဆက်လက်ကာကွယ်ထိန်းချုပ်နိုင်ရေးတို့အတွက် ပထမအကြိမ်၊ ဒုတိယအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးခြင်းများကို ဇန်နဝါရီ ၁၁ ရက်နံနက်ပိုင်းက စည်ပင်သာယာခန်းမ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ကာကွယ်ဆေးလာရောက်ထိုးနှံသူများ လွယ်ကူအဆင်ပြေစေရေးတို့အတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ကြသည်။
ထို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းအပြင် ကျန်းမာရေးဆေးပေးခန်းဖွင့်လှစ်၍ ကျန်းမာရေးဝန်ထမ်းများက အခမဲ့ကျန်းမာရေး စမ်းသပ်စစ်ဆေး ကုသပေးခြင်းများကိုလည်း ရောဂါဝေဒနာရှင်များအလိုက် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း (ကန့်ဘလူ)