ပေါက်တော ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ်တွင် ကြက်သရေကျေးရွာ ရွာဝင်လမ်း ကွန်ကရစ်လမ်း ဆောင်ရွင်နေမှုအား မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းနှင့် တာဝန်ခံအင်ဂျင်နီယာတို့က ယနေ့ နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးကြသည်။
ထို့နောက် ကုမ္ပဏီတာဝန်ခံတို့မှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ မြို့နယ်ဦးစီးမှူးက သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် ပေါင်းစပ်ညှိနှုင်းပေးကြသည်။
အဆိုပါ ရွာဝင်လမ်းမှာ အလျား(ဝ/၄ ဖာလုံ)၊အကျယ် ၁၂ ပေ၊ ထု ရှစ်လက်မ ဆောင်ရွက်ခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရ ရန်ပုံငွေ ၁၂၃ သဒမ ၇၅၅ ကျပ်သန်းဖြင့် Roma City ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းများမှာ ၇၅ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်ကြောင်း လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ ကျေးရွာသူ ကျေးရွာသားများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။
ဝင်းမင်းစိုး(ပြန်/ဆက်)