နတ်မောက် ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ စားသုံးရန်မသင့်သော အစားအအသောက် အမှတ်တံဆိပ်များ ရောင်းချရန်မရှိစေရေး ယမန်နေ့နံနက်က မြို့မစည်ပင်သာယာရေး စျေးအတွင်း ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါလိုက်လံစစ်ဆေးခဲ့ရာ၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိနှင့် စျေးတာဝန်ခံတို့က စျေးအတွင်းရှိ ကုန်စုံဆိုင်(၅)ဆိုင်အား စားသုံးရန်မသင့်သော အစားအသောက်အမှတ်တံဆိပ်များ စျေးကွက်တွင် မရှိစေရေး၊ စွဲမက်အမှတ်တံဆိပ်ပါ အချိုရည်အား ရောင်းချမှုမရှိစေရန်နှင့် သက်တမ်းလွန်မုန့်များ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ ကြကြောင်းသိရသည်။
လှဝင်း