ကျိန္တလီ ဇန်နဝါရီ ၁၁
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများတိကျ မှန်ကန်မှုရှိစေရေးအတွက် ယမန်နေ့က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာသို့ ကျိန္တလီမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်း၊ မြို့ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အဖွဲ့ခွဲကာ မြို့ပေါ် (၃)ရပ်ကွက်ရှိ အခြေခံလူဦးရေစာရင်းနှင့် မြေပြင်တိုက်ဆိုင်စစ်ဆေးခြင်း၊ အခြားမြို့နယ်မှ အိမ်ထောင်စုစာရင်း ကိုင်ဆောင်သူများနှင့် မည်သည့်အိမ်ထောင်စုစာရင်းမှ မရှိသူ ရွေ့ပြောင်း၊ ပျံကျများအား အိမ်ထောင်စု(အလွတ်)ဖြင့် ကောက်ယူခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျိန္တလီ(ပြန်/ဆက်)