တောင်တွင်းကြီး ဇန်နဝါရီ ၁၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အခွန်ဌာနစိတ်နှင့် စည်းကမ်းထိန်းဌာနစိတ်တို့ပူးပေါင်း၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အနှေးယာဉ် (ဆိုက်ကား၊ မြင်းလှည်း)ပိုင်ရှင်များ လိုင်စင်သက်တမ်းတိုးဆောင်ရွက်နိုင်ရေးအတွက် ယနေ့ နံနက်(၈)နာရီက ထပ်မံကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ အနီးကပ်ကြီးကြပ်မှုဖြင့် အခွန်ဌာနစိတ်နှင့် စည်းကမ်းထိန်းဌာနစိတ်တို့မှ ဝန်ထမ်းများက လိုင်စင်သက်တမ်း တိုးဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် (ဆိုက်ကား၊မြင်းလှည်း) အနှေးယာဉ်ပိုင်ရှင်များအား တွေ့ဆုံကာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး အခွန်ဌာနစိတ်သို့သွားရောက်ပြီး လိုင်စင်သက်တမ်းတိုး အမြန်ပြုလုပ်ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)