သာပေါင်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အသက် (၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား၊ ကျောင်းသူ (၈၂၃) ဦး Booster Sinopharm ထိုးနှံနိုင်ခဲ့သည်။
ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးဌာနမှ ကျောင်းပေါင်း (၁၂) ကျောင်းရှိ ဆေးထိုးစုရပ်များတွင် အသက်(၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသားသူ၊ ကျောင်းသူ (၈၂၃) ဦးတို့ကို Booster (Sinopharm) ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခဲ့ကြပြီး ကျန်ရှိဝန်ထမ်းများနှင့် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူကလေးများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း(ပြန်/ဆက်)