ဟိုင်းကြီးကျွန်းမြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ဒုရဲမှူးကျော်သူမြင့်နှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု စစ်ဆေး

ဟိုင်းကြီးကျွန်း ဇန်နဝါရီ ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့၌ (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ဒုရဲမှူးကျော်သူမြင့်နှင့် တာဝန်ရှိသူများမှ ယနေ့ နံနက် ၉ နာရီအချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဟိုင်းကြီးကျွန်းမြို့ မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒုရဲမှူးကျော်သူမြင့်နှင့် တာဝန်ရှိသူများသည် (Working Group) မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့များ၏ လုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး အဖွဲ့ဝင်များနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)