နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားပြုလုပ်

အိမ်မဲ ဇန်နဝါရီ  ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက်မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေး လုပ်ငန်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြောင်းမြခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါက်တာဖြူဖြူဝင်း၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်နှင့် တိုင်းဒေသကြီး မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းတို့က အဖွင့်အမှာစကား များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ အရင်းမပျောက် မတည်ထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် မွေးမြူရေးလုပ်ငန်းများ အကောင်အထည်ဖော်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်သော လုပ်ငန်းများ အကြောင်းကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်မွေးမြူရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က မွေးမြူရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးပြောကြားခဲ့ပြီး အခမ်းအနားတက်ရောက်လာသော မွေးမြူရေး လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြောင်းမြခရိုင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာဖြူဖြုဝင်းနှင့် မြို့နယ်ဦးစီးမှူး ဒေါက်တာခွန်မင်းမောင်တို့က ပြန်လည်ဖြည့်စွတ်ဆွေးနွေးပေးခဲ့ သည်။

ချစ်သက်လယ်(အိမ်မဲ)