ပေါက်ခေါင်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုများပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက အထက(ပေါက်ခေါင်း) ရွှေရတုခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပညာရေးစုံညီပွဲတော်အခမ်းအနားအား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦး၊ မြို့နယ်လဝက ဦးစီးမှူးဦးမြင့်စိုးနှင့် ဒုတိယမြို့နယ်ပညာရေးမှူး ဦးလှိုင်မင်းထွန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခြေခံပညာအထက်တန်းကျောင်း (ပေါက်ခေါင်း)မှ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့်သီဆိုဖျော်ဖြေခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးနှင့်ကျောင်းအုပ်ဆရာကြီး ဦးညွှန့်ဝင်းတို့က အမှာစကားများပြောကြားသည်။ ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် စာပေပြိုင်ပွဲ၊ ကာယ၊ ဉာဏ ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများ၊ ပညာရေးဘက်စုံထူးချွန်ဆုများ၊ အားကစားဘက်စုံထူးချွန်ဆု၊ ကျောင်းတတ်ရက်မှန်ဆုရ ဆရာ၊ ဆရာမများ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိသူများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက အကအဖွဲ့များ၊ အကအလှယိမ်းပဒေသာများဖြင့် ဧည့်ခံသီဆိုဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ ဆက်)