လက်ပံတန်း ဇန်နဝါရီ ၁၀
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ကြီးကြပ်မှုဖြင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် အသက်(၅ နှစ်မှ ၁၂နှစ်အထိ) ကျောင်းသား/ သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၁၀ ရက်နေ့က မူလွန်(၂)လမ်းကျောင်း၌ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Booster Myancopharm ထပ်ဆောင်း ထိုးနှံပေးခြင်းကို ဇန်နဝါရီလ ၉ ရက်နေ့မှ စတင်၍ သတ်မှတ်စုရပ်ကျောင်းများတွင် ထိုးနှံပေးလျက်ရှိရာ ကျောင်းပေါင်း (၃၁) ကျောင်းရှိ ကျောင်းသားကျောင်းသူပေါင်း (၂၂၆၀)ဦး ကာကွယ်ဆေးထိုးနှံပေးပြီး ကျန်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား သတ်မှတ်ရက်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ ဆက်)