တောင်ကုတ် ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ် ၊ တောင်ကုတ်ခရိုင် ၊ တောင်ကုတ်မြို့နယ်တွင် ယနေ့နံနက်(၉)နာရီ အချိန်မှ စတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသော အသက်(၅)နှစ်မှ ၁၁ နှစ်အတွင်းရှိ ကျောင်းသား ၊ ကျောင်းသူများကို ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုများဖြင့် အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းမှ အသက် (၅)နှစ်မှ(၁၁)နှစ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံပြီးသူ ကျောင်းသား၊ ကျောင်းသူ (၂၀၆၇) ဦးသို့ Myancopharm ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)