ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးအောင်မျိုးနှင့် အဖွဲ့သည် ယနေ့နံနက်ပိုင်းက ပုဏ္ဏားကျွန်း မြို့ပေါ်ရှိ ရပ်ကွက်များအတွင်း တစ်အိမ်တက်ဆင်း မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကွင်းဆင်းကောက်ယူနေမှု အခြေအနေများနှင့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) ထိုးနှံနေမှု အခြေအနေတို့ကို လာရောက် ကြည့်ရှုအားပေးခဲ့သည်။
ထိုသို့ လာရောက်ကြည့်ရှုအားပေးရာတွင် ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက ပုဏ္ဏားကျွန်းမြို့ပေါ် ရပ်ကွက်များတွင် တစ်အိမ်တက်ဆင်း မြေပြင်အိမ်ထောင်စုလူဦးရေ စာရင်းများ ကောက်ယူနေမှုတို့ကို ရှင်းလင်းတင်ပြရာ ပြည်နယ်လူမှုရေးဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ဆက်လက်၍ အလယ်စုရပ်ကွက်ရှိ မြို့မအထက(ခွဲ) ကျောင်း၌ အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား/သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster)ထိုးနှံပေး နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)