ကျွန်းလှ ဇန်နဝါရီ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ အမက (ပိတောက်မြိုင်) တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှေ့၌ ကျင်းပကြောင်း သိရသည်။
အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက “စုံညီပွဲတော် ဒို့နွှဲပျော်” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်ဖြူဖြူဇင်က ပညာရေးစုံညီပွဲတော်ကျင်းရခြင်းနှင့် ကျောင်းလုပ်ငန်းဆိုင်ရာများ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ လူရည်ချွန်ဆု၊ ပညာသင်ဆုနှင့် အားကစားဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ တာဝန်ရှိသူများက ဆုချီးမြှင့်ပေးကြပြီး ဖျော်ဖြေရေး အစီအစဉ်များဖြင့် ကပြဖျော်ဖြေကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ