ပြည်မြို့ အ.ထ.က(၅)ကျောင်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးရေးဟောပြောပွဲကျင်းပ

ပြည် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ အခြေခံပညာအထက်တန်းကျောင်း အမှတ်()၊ ပညာတံခွန်အခန်းမတွင် ယနေ့ နံနက်ပိုင်းက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးအန္တရာယ် တားဆီးရေးဟောပြောပွဲ အခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဟောပြောပွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ အမှတ်(၃၁)၊ မူးယစ်တပ်ဖွဲ့စုမှ ရဲမှူးမျိုးမင်းက မူးယစ်ဆေးနှင့် ပတ်သက်သည့် အကြောင်းအရာများ၊  မူးယစ်ဆေးဝါးအန္တရာယ်၊ ဆေးလိပ်နှင့် ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက်အန္တရာယ်၊ စိတ်ကြွရူးသွပ် ဆေးပြားအန္တရာယ်၊ အရက်အန္တရာယ်၊ ကော်ရှုခြင်းအန္တရာယ်၊ ကွမ်းစားခြင်း အန္တရာယ်နှင့်ကျန်းမာရေးဆိုင်ရာ၊ ဥပဒေဆိုင်ရာအသိပညာပေး အကြောင်းအရာများ၊ လူငယ်များမူးယစ်ဆေးဝါးနှင့်ပတ်သက်ပြီး ရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန် အတွက် အသိပညာဗဟုသုတများ ရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲသို့ အ..က (-ပြည်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်အေးနှင့် ဆရာ/ဆရာမများ၊ Grade-10 နှင့် Grade-11 မှ ကျောင်းသား/ကျောင်းသူများ စုစုပေါင်း (၁၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကိုစိုး(ပြည်)