ညောင်တုန်း ဇန်နဝါရီ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အိမ်ထောင်စုများထံသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မြေပြင်လူဦးရေစာရင်းကွင်းဆင်းကောက်ယူရေးအဖွဲ့များမှ ရပ်ကွက်၊ ကျေးရွာ ကောက်ကွက်များအလိုက် သတ်မှတ်ထားသည့် ပုံစံများအတိုင်း လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးကောက်ယူလျက်ရှိရာ မြို့နယ်အဆင့် မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရေး ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် ပေါင်းစပ်ညှိနှိုင်း ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ညောင်တုန်းမြို့နယ်အတွင်း ရပ်ကွက်(၁၀)ခုနှင့် ကျေးရွာအုပ်စု (၄၄)အုပ်စုတို့တွင် အိမ်ထောင်စု (၆၁၃၆၀)စုရှိပြီး မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ ၉ရက်နေ့မှ ၃၀ရက်နေ့အထိ တိုက်ဆိုင်စစ်ဆေး ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ဝေဖြိုး(ပြန်ဆက်)