နတ်တလင်း ဇန်နဝါရီလ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မြေပြင်အခြေခံလူဦးရေစာရင်း မှန်ကန်စွာရရှိစေရေးနှင့် လူတစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းကစတင်၍ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကောက်ကွက်များအလိုက် အိမ်ထောင်စုလူဦးရေစာရင်းများကို တာဝန်ရှိသူများက တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူ လျက်ရှိသည်။
ကွင်းဆင်းကောက်ယူရာသို့ ရပ်ကွက်/ကျေးရွာ အုပ်စုမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ တာဝန်ရှိသူများ လိုက်ပါ ဆောင်ရွက်လျက်ရှိပြီး မြေပြင်တစ်အိမ်တက်ဆင်း (Working Group) စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ခရိုင်မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။
နတ်တလင်းမြို့နယ်အတွင်း မြို့ပေါ်ရပ်ကွက်(၇)ရပ်ကွက်၊ ကျေးရွာအုပ်စု(၇၇)အုပ်စုတို့တွင် မြေပြင်စာရင်းကောက်ကွက်ပေါင်း (၈၀)ရှိပြီး အိမ်ထောင်စုလူဦးရေစာရင်းများ မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ဇန်နဝါရီလ(၉)ရက်နေ့မှ စတင်၍ ဇန်နဝါရီလ (၃၁)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ ဆက်)