သရက်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင် ကွင်းဆင်း ကောက်ယူ

သရက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ရွေးကောက်ပွဲကျင်းပရာတွင် အထောက်အကူပြုစေရေး၊ အခြေခံမဲစာရင်းများနှင့် မြေပြင်လူဦးရေစာရင်းများ မှန်ကန်စေရေးအတွက် အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ယနေ့ နံနက်(၁၀)နာရီက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်အိမ်တက်ဆင်း လိုက်လံကွင်းဆင်းပြီး ကောက်ယူလျက်ရှိသည်။

အဆိုပါ ကောက်ယူနေမှုများကို သရက်ခရိုင် (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးတင်မျိုးလတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး စာရင်းကောက်ယူရာတွင် စာရင်းဇယား၊ ကိန်းဂဏန်း အချက်အလက်များ တိကျမှန်ကန်စွာ ဖြည့်သွင်းဆောင်ရွက်ရေး မှာကြားခဲ့သည်။

သရက်မြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရာတွင် လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ ကွင်းဆင်းကောက်ယူရေး ပူးပေါင်းအဖွဲ့(၉၇)ဖွဲ့မှ တစ်ဖွဲ့လျှင်(၅)ဦးနှုန်းဖြင့် တစ်ရက်ကို အိမ်ထောင်စု(၂၅)စုနှုန်းဖြင့် အိမ်ထောင်စုပေါင်း(၃၁၃၀၇)ကို ကွင်းဆင်းကောက်ယူရမည်ဖြစ် ကြောင်း မြို့နယ်အတွင်း စာရင်းကောက်ယူခြင်းကို ယခုလ ယမန်နေ့မှ စတင်ကာ (၃၁)ရက်နေ့အထိ ရက်ပေါင်း(၂၀)အတွင်း သတ်မှတ်ထားသော ညွှန်ကြားချက်နှင့်အညီ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း၍ အပြီးကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ဝန်ကြီးဌာနမှ သိရသည်။

ဇော်ထက်(သရက်)