နတ်မောက် အမှတ်(၁) အခြေခံပညာထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်ကျင်းပ

နတ်မောက် ဇန်နဝါရီ ၁၀

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ၂၀၂၂-၂၀၂၃ ပညသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့ နေ့လယ် ၂နာရီအချိန်က နတ်မောက်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ Grade-6 ကျောင်းသား/သူလေးများက “ပြည်မြန်မာ” သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ် ခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန့်စင်၊ ဒု-မြို့နယ်ပညာရေးမှူး ဦးဖုန်းဟန်ဆန်းတို့က ကျောင်းဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ လူရည်ချွန်ဆုရရှိသည့် ကျောင်းသား/သူများနှင့် ပညာရေးစုံညီပွဲတော်ဖြစ်မြောက်ရေး ဆောင်ရွက်ခဲ့သည့် ဆရာကြီး၊ ဆရာကြီးမများအား ကျေးဇူးတင်စကားများပြောကြားခဲ့သည်။  ဆက်လက်၍ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းအုပ်ဆရာကြီးဦးမင်းဆွေက ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး အခြေအနေနှင့် ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြခဲ့သည်။ ၂၀၂၂-၂၀၂၃ ပညသင်နှစ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင်  ကာယဆု၊ ဉာဏဆုရရှိကြသည့် ကျောင်းသား/သူ (၁၈၅)ဦး တို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်၊ မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးနေဇော်ဟိန်း၊ ဌာနဆိုင်ရာ အကြီးအကဲတို့က ဆုရရှိသည့် ကျောင်းသား/သူ များကို ဆုများချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျောင်းသား/သူ မိဘများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ စုံညီစွာတက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း