သဲကုန်း ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိလူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် သဲကုန်းမြို့နယ်၌ မြို့(၄)မြို့ရှိ ရပ်ကွက်ကျေးရွာများတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်စာရေး၊ ရာအိမ်မှူး၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများပါဝင်သည့် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောင်ယူရေးအဖွဲ့ (Working Group) များသည် သက်ဆိုင်ရာရပ်ကွက်များအလိုက် တစ်အိမ်တက်ဆင်းသွားရောက်ကာ သတ်မှတ်စာရင်းပုံစံများဖြင့် ကောက်ယူလျက်ရှိသည်။ အဆိုပါ မြေပြင်စာရင်းကောက်ယူရေးလုပ်ငန်းများကို သတ်မှတ်ရက်များအလိုက် စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။.
အဆိုပါ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရာနေရာသို့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အတွင်းရေးမှူး ခင်မောင်အေး၊ အဖွဲ့ဝင်(၃) လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သဲကုန်းမြို့နယ်ရုံး၊ ဦးစီးအရာရှိ ဦးအောင်တိုး၊ အဖွဲ့ဝင်ဦးဟန်အေးနှင့် သီးခြားတာဝန်ပေးအပ်ထားသည့် ဌာဆိုင်ရာများပါဝင်သည့် ပူးပေါင်းအဖွဲ့တို့က သတ်မှတ်နယ်မြေအလိုက် လိုက်လံကြည့်ရှုပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ်၊ ပြန်/ ဆက်