ရွှေတောင် ဇန်နဝါရီ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းများကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စုအလိုက် တစ်ပြိုင်နက်တည်း ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်း လူဦးရေစာရင်းကောက်ယူခြင်း လုပ်ငန်းများဆောင်ရွက်ရာ သရက်တောရပ်ကွက်၊ ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်နှင့် ဆည်ကြီးကုန်းကျေးရွာအုပ်စုတို့၌ လူနေအိမ်များအတွင်း အမှန်တကယ်နေထိုင်သော လူဦးရေစာရင်း ကောက်ယူခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ် (Working Group) မြေပြင်ကွင်းဆင်းကောက်ယူရေး ကော်မတီ၊ ဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ကော်မတီ အတွင်းရေးမှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထူးနှင့် ကော်မတီဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးအဖွဲ့၏ တစ်အိမ်တက်ဆင်း လူဦးရေစာရင်းကောက်ယူနေမှုတို့အား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည့်အခက်အခဲများကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ရွှေတောင်မြို့နယ်တွင် ရပ်ကွက်၊ကျေးရွာ အုပ်စု(၅၁)အုပ်စု၊ အိမ်ထောင်စု (၄၆၃၆၉)စုရှိပြီး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူမှုလုပ်ငန်းကို ဇန်နဝါရီလ(၉)ရက်နေ့မှ (၃၁)ရက်နေ့အထိ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်