ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၊  ရတနာခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပညာရေးစုံညီပွဲတော်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့်ဂုဏ်ပြုသီဆိုခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးဟံဝင်းအောင်က  အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာရေးမှူး ဦးကျော်ဦးက ထပ်ဆင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ အထက - ရွှေတောင်ကျောင်းအုပ် ဆရာကြီး ဦးစိုးမင်းအောင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီးသင်ကြားရေးတွင် ထူးချွန်​အောင်သင်ကြားပေးသော ဆရာ၊ ဆရာမများနှင့် ဘက်စုံပညာထူးချွန်သော ကျောင်းသား၊ ကျောင်းသူလေးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၊ အတွင်းရေးမှူး ရဲမှူးနိုင်စိုး၊ အဖွဲ့ဝင် ဦးကျော်လွင်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသား ကျောင်းသူလေးများက ဖျော်ဖြေရေး အစီအစဉ်များဖြင့် တင်ဆက်ဖျော်ဖြေခဲ့ကြသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူလေးများက "ပြည်မြန်မာ" သီချင်းဖြင့်ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

ကိုကိုမင်း ( ပြန်/ ဆက်)