ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ

ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ကိုးရီးယားဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့၊ နေ့လည်(၁၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဓာတ်မြေသြဇာ (၂၅၀) အိတ်ကို ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ဖြူးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးရွာအုပ်စုအလိုက် စတုတ္ထအကြိမ်ခွဲတမ်းတွင် ပါဝင်သည့် ဆောင်းသီးနှံ စိုက်ပျိုးမည့် တောင်သူများအတွက်သာ ဦးစားပေး ရောင်းချပေးရခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိရှိ အသုံးချစေလိုပါကြောင်း ရှင်းလင်းပြောကြားပြီး၊ ဆောင်းသီးနှံစိုက်ပျိုးနေသည့် ကျေးရွာအုပ်စု (၉)အုပ်စုသို့ ဓာတ်မြေသြဇာ(၂၅၀)အိတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ်သမားတို့၏ ကိုယ်စားလှယ်များထံသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။

နီထွန်းအောင်(ပြန်/ဆက်)