ပုဏ္ဏားကျွန်း ဇန်နဝါရီ ၁၀
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေးအတွက် မြေပြင်အိမ်ထောင်စုလူဦးရေးစာရင်းများ ကွင်းဆင်းကောက်ယူခြင်း လုပ်ငန်းကို ယမန်နေ့၊ နံနက်ပိုင်းကစ၍ မြို့ပေါ်ရပ်ကွက်များအတွင်းသို့ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူလျက်ရှိသည်။
ထိုသို့ မြေပြင်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းကောက်ယူမှု အခြအနေတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များက e-ID အိမ်ထောင်စု စာရင်းများ ပြည့်စုံ မှန်ကန်စေရေး၊ e-ID နိုင်(၄)မှတ်တမ်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လာရောက်ကြည့်ရှုစစ်ဆေးပြီး၊ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၌ မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၉၂)အုပ်စုရှိပြီး၊ (Working Group) မြေပြင်အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေးနှင့် ဌာနဆိုင်ရာများက အနီးကပ်ကြီးကြပ်လျက် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ ရက်နေ့ထိ၊ ကောက်ယူသွားမည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)