ဘီးလင်း ဇန်နဝါရီ ၁၀
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် အသက် ၅နှစ်မှ ၁၂နှစ်အတွင်း ရှိကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက အထက(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးရာတွင် ဘီးလင်းမြို့နယ် ကျန်းမာရေးဦးစီး ဌာနမှ ဝန်းထမ်းများက ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင် ချိန်ပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး အထက (ဘီးလင်း) ကျောင်းရှိ KG မှ Grade – 5 အထိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၅၈ ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ တတိယအကြိမ် ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထူးနောင်(ပြန်/ ဆက်)