ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ

ရေး ဇန်နဝါရီ  ၁၀

မွန်ပြည်နယ်၊ ရေးခရိုင်၊ ရေးမြို့နယ် အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမတွင် အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။           

အသိပညာပေးဟောပြောပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထူး ဦးဆောင်၍ သင်တန်းသူများကို အတတ်ပညာများအပြင် အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ကျင်းပခဲ့သည်။ အခမ်းအနားတွင် မြို့နယ်လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့မှ ရဲအုပ်အောင်ကျော်ထူးက အဖွင့်အမှာစကားပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း ဟောပြောခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေကာ အမှတ်(၃၉)မူးယစ်တပ်ဖွဲ့စု၊ ရေးခရိုင်မှ ခေတ္တတပ်ဖွဲ့စုမှူးဒုရဲမှူး ကျော်မြင့်ထွန်းမှ မူးယစ်ဆေးဝါးဆိုးကျိုးနှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာ သိကောင်းစရာအကြောင်းအရာများ၊ မြို့နယ်ဥပဒေရုံးမှ ဒုတိယဥပဒေအရာရှိ ဒေါ်ကံ့ကော်ဖြူမှ လူကုန်ကူးမှုဥပဒေနှင့် မူးယစ်ဥပဒေ နည်းဥပဒေများ ဟောပြောခြင်း၊ မြို့နယ်တိုင်းရင်းဆေးဦးစီးအရာရှိ ဒေါ်စန်းစန်းမြင့်က ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်းနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်လွင်လွင်ဆန်းက သတင်းမှားသတင်းမှန်နှင့်ပတ်သက်သည့် အသိပညာပေးအကြောင်းအရာများ၊ ကလေးအလုပ်သမားပပျောက်ရေးနှင့်လူကုန်ကူးမှုပပျောက်ရေး နံရံကပ်စာစောင်များကို သင်တန်းသူများက စိတ်ဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)