သံဖြူဇရပ်မြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း(Working Group)ကွင်းဆင်း အိမ်ထောင်စုစာရင်းကောက်ယူခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်

သံဖြူဇရပ် ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့(Working Group)များမှ အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းမှ စတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကောက်ယူလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်နှင့်အဖွဲ့ဝင်များမှ နယ်မြေအလိုက် လိုက်လံကြည်ရှုခဲ့ကြောင်း သိရသည်။

သံဖြူဇရပ်မြို့နယ်တွင် ရပ်ကွက်(၁၆)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၅)အုပ်စု၊ စုစုပေါင်း (၄၁)အုပ်စုရှိပြီး၊ မြေပြင်တစ်အိမ်တက်ဆင်း အိမ်ထောင်စုစာရင်း ကောက်ယူမှုလုပ်ငန်းကို ဇန်နဝါရီ(၉)ရက်နေ့မှ(၃၁)ရက်နေ့အထိ စာရင်းကောက်အဖွဲ့တစ်ဖွဲ့လျှင် (၅)ဦးနှုန်း၊ အဖွဲ့ စုစုပေါင်း(၈၃)ဖွဲ့ဖြင့် အိမ်ထောင်စုစာရင်း မှန်ကန်စေရေးနှင့်အချိန်မှီ ပြီးစီးရေးကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်ထံမှ သိရသည်။

အေးအေးသီ(ပြန်/ဆက်)