ချောင်းဆုံမြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းမြေပြင်ကွင်းဆင်းကောက်ယူခြင်းဆောင်ရွက်

ချောင်းဆုံ ဇန်နဝါရီ ၉

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူခြင်းကို ယနေ့နံနက်က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၌ စတင်ကောက်ယူလျက်ရှိကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု(၄၇)စုမှ မြေပြင်တစ်အိမ်တက်ဆင်းစာရင်းကောက်ယူရေးတွင် ခန့်မှန်းလူဦးရေ (၁၈၁၀၇၉)ဦး အိမ်ထောင်စု (၃၄၂၆၃)စုအား ဇန်နဝါရီ (၉)ရက် မှ (၃၁) ရက်နေ့အထိ အပြီး သတ်ကောက်ယူသွားမည်ဖြစ်ပြီး အဆိုပါ (Working Group) မြေပြင်တစ်အိမ် တက်ဆင်းစာရင်းကောက်ယူရေးကို အဖွဲ့ပေါင်း (၆၉)ဖွဲ့မှ မြေပြင်ကွင်းဆင်းကောက်ယူလျက်ရှိကြောင်း သိရသည်။

ကျေးရွာ/ ရပ်ကွက်အတွင်းရှိ တစ်အိမ်တက်ဆင်း စာရင်းကောက်ယူခြင်းကို မြို့နယ်မြေပြင် စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဝင်များ၊ ဌာနဆိုင်ရာများမှ (ရပ်/ကျေး) စာရင်းကောက်ယူရေးအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်းနှင့် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးလုပ်ငန်းတွင် မသန်စွမ်း(၅) မျိုးစာရင်းကိုပါ ထည့်သွင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

ချောင်းဆုံ (ပြန်/ ဆက်)