မြောက်ဦး၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိ လူဦးရေစာရင်းများ တိကျမှုရှိစေရေး တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများ စတင်ကွင်းဆင်းဆောင်ရွက်

မြောက်ဦး  ဇန်နဝါရီ  ၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အိမ်ထောင်စုရှိ လူဦးရေစာရင်းနှင့် မြေပြင်လူဦးရေစာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းကို ယနေ့ နံနက် ၉ နာရီ အချိန်က စတင်ကွင်းဆင်းစစ်ဆေးလျက်ရှိသည်။

ထိုသို့  ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးစိုးသက် ကြီးကြပ်မှုဖြင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးအဖွဲ့များကို အိမ်ထောင်စုလူဦးရေစာရင်းများ ကောက်ယူရာတွင် တိကျမှန်ကန်မှုရှိစေရေးအတွက် ကြီးကြပ် ဆောင်ရွက်လျက်ရှိသည်။ အိမ်ထောင်စုလူဦးရေစာရင်းနှင့် မြေပြင်ရှိလူဦးရေစာရင်းများ တိုက် ဆိုင်စစ်ဆေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်ရာတွင် မြို့ပေါ်ရပ်ကွက်ဖြစ်သော အလယ်ဈေးရပ် ကွက် နေပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ စာရင်းကောက် ယူရာတွင် မြေပြင်စာရင်းကောက်အဖွဲ့တို့မှ အိမ်ထောင်စုစာရင်းနှင့် မြေပြင်လူဦးရေ စာရင်းများ တိကျမှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။

မြင့်စိုး ၊ စိုးငြိမ်းနိုင် ( ပြန်/ဆက် )