မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲ တော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကျင်းပ

မိုင်းခုတ် ဇန်နဝါရီ ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်းရှိ ပညာရတနာခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူလေးများက ''ဘက်စုံ ပညာ''သီချင်းသီဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ နယ်မြေခံတပ်နယ်မှူး ဒုတိယဗိုလ်မှူးကြီးသိန်းဇော်မိုးက ဩဝါဒစကားပြောကြားပြီး ပညာရေးကော်မတီဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေးမှူး ဦးလှိုင်ကျော်သူက အမှာစကားကိုလည်းကောင်း၊ ကျောင်းအုပ် ဆရာမကြီး ဒေါ်နန်းခမ်းဖောင်က ပညာရေးစုံညီပွဲတော်နှင့်ပတ်သက်သော အကြောင်းအရာများကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ဆရာမများက ''ပန်းကလေးတို့ရဲ့ ဥယျာဉ်မှူး'' သီချင်းဖြင့်ကပြဖျော် ဖြေခဲ့သည်။

ထို့နောက် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့သော ကျောင်းသားနှင့် အောင်မြင်အောင်သင်ကြားပြသပေးခဲ့သော ဆရာမများ၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ''A''အဆင့်ဖြင့် အောင်မြင်ခဲ့သော Grade(10)မှ KG အဆင့် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် လူရည်ချွန် ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်အဆင့် EM စွမ်းရည်ပြိုင်ပွဲမှ ကျောင်းသား၊ ကျောင်းသူများ၊ ရေသန့် စက်အဆောက်အဉီအလှူရှင်များ၊ ရေသန့်စက်ဖြစ် မြောက်ရေးအလှူရှင်များ၊ ပညာရေးစုံညီပွဲတော်ဖြစ် မြောက်ရေး ထည့်ဝင်လှူဒါန်းကြသည့် အလှူရှင်များအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုတံဆိပ်နှင့် ဂုဏ်ပြု မှတ်တမ်းလွှာများပေးအပ်ချီး မြှင့်ခဲ့ကြောင်း သိရသည်။

ယင်းနောက် ကျောင်းသား၊ ကျောင်းသူလေးများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက် ခဲ့ရာအခမ်းအနားတက်ရောက်လာကြသော နယ်မြေခံတပ်နယ်မှ တပ်မတော်အရာရှိကြီးများ၊ မြို့အုပ်ချုပ် ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ က ဂုဏ်ပြုဆုတော်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)