ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၄
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း အောင်မြင်သူများနှင့် ဂုဏ်ထူးရ ကျောင်းသူ၊ ကျောင်းသားများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အထကကျောင်း၌ ပေးအပ်ခဲ့သည်။
ဆွမ်ပရာဘွမ် မြို့နယ်အနေဖြင့် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်းကို နှစ်ဘာသာ ဂုဏ်ထူးဖြင့် အောင်မြင်သူ (၁)ဦး၊ တစ်ဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၂)ဦး၊ ရိုးရိုးအောင်မြင်သူ(၇)ဦး၊ စုစုပေါင်း(၁၀)ဦးအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များပူးပေါင်း၍ ဂုဏ်ပြုမှတ်တမ်းများနှင့် ဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့သည်။
အဆိုပါ ပေးအပ်ပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇာနည်တိုးက အမှာစကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခြင်း၊ ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ ကြောင်း သိရသည်။
ကုဋေ ( ဆွမ်ပရာဘွမ် ပြန်/ဆက်)