ကျိုက်မရော အလှပ်ကုန်း အလယ်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ကျိုက်မရော ဇန်နဝါရီ  ၆

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်းကို  ယမန်နေ့ နံနက် ၁၀ နာရီက. အခြေ ခံပညာ အလယ်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူး ဒေါ်စုစုဌေးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက လူငယ်စကားကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကိုကိုဝင်းက လူငယ်နှင့်အားကစားအကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ  Grade-9 မှ မဇာနည် ပြည့်အောင်က လူငယ်နှင့် မူးယစ်ဆေး၊ Grade-9မှမဖြူဇင်က လူငယ်နှင့်ကိုယ်ကျင့်တရား၊ Grade-8 တန်းမှ မလပြည့်က လူငယ်နှင့်ကျန်းမာရေး၊ Grade-8တန်းမှ မိအိမ်ချမ်းက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်ဆွေးနွေးခဲ့ကြပြီး  တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်.မေးမြန်း ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်မျိုးလတ်က လူငယ်စကားဝိုင်းပြုလုပ်ခြင်းအပေါ် သုံးသပ်ဆွေးနွေးပေးခဲ့သည်။

ယနေ့ပြုလုပ်သော လူငယ်စကားဝိုင်းသို့ အခြေခံပညာအလယ်တန်းကျောင်းမှ  ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၁၂၀)ဦးတက်ရောက်ခဲ့ပြီး လူငယ်စကားဝိုင်းအပြီးတွင် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်နှင့်လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးပြခန်းကို ခင်းကျင်းပြသထားရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါ ဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)