(၃၈)ဖြာ မင်္ဂလာတရားတော်နှင့်ဗုဒ္ဓဝင်မြို့နယ်အဆင့် စာအောင်ဆုနှင်းသဘင် ကျင်းပ

သထုံ       ဇန်နဝါရီ        ၅

မွန်ပြည်နယ်၊ သထုံမြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝ(YMBA)အသင်းကြီးမှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည့် (၇၃)ကြိမ်မြောက် ၃၈ ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်မြို့နယ်အဆင့်စာမေးပွဲစာအောင်ဆုနှင်းသဘင်နှင့် ဂုဏ်ပြုဆုများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က နောင်ကုလားရွာကြီးကျေးရွာ၊ ဘုရားလေးပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တက်ရောက်လာသူများက သထုံမြို့၊ သဒ္ဓမ္မဇောတိကာရာမကျောင်းတိုက် ပဓာနနာယကဆရာတော် ဦးသုမနာဘိဝံသ အရှင်သူမြတ်ထံမှ တရားတော်များနာယူခဲ့ကြပြီး နောင်ကုလားရွာကြီး ဘုရားလေးပရိယတ္တိစာသင်တိုက်ဆရာတော်နှင့် ဗုဒ္ဓဘာသာကလျာဏယုဝ (YMBA) အသင်းကြီးမှတာဝန်ရှိသူများ၊ အလှူရှင်များက ဂုဏ်ထူးအထူးအောင်သူများ၊ ဂုဏ်ထူးအောင်နှင့်ရိုးရိုးအောင်သူများတို့အား ဂုဏ်ပြုဆုနှင့် စာအောင်လက်မှတ်တို့အား ချီးမြှင့်ပေးအပ်ခဲ့ကြသည်။

အဆိုပါ စာမေးပွဲကို သထုံမြို့နယ်အတွင်းရှိ စာဖြေဌာနများ၌ ကျင်းပပြုလုပ်ခဲ့ပြီး ပထမဆင့်(အငယ်တန်း)၊ ဒုတိယဆင့်(အလတ်တန်း) စုစုပေါင်း ၁၀၉ ဦး ဝင်ရောက်ဖြေဆို အောင်မြင်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်