မော်လမြိုင် ဇန်နဝါရီ ၅
မွန်ပြည်နယ်၌ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းများ ပိတ်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ညနေပိုင်းက မော်လမြိုင်မြို့ မြစ်ကမ်းသာကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ခေတ္တဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပြခန်းနှင့် အသေးစား/ အငယ်စား/ အလတ်စား ထုတ်ကုန်အရောင်းပြခန်းများအား ခေတ္တဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက လှည့်လည်ကြည့်ရှုပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ခင်းကျင်းပြသထားသော ဌာနဆိုင်ရာပြခန်းများအား ပြိုင်ပွဲဝင် ဆုချီးမြှင့်၍ ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော ပြခန်းများအား ပြည်နယ်ခေတ္တဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ဖျော်ဖြေရေးတီးဝိုင်းအဖွဲ့များမှ ဖျော်ဖြေတင်ဆက်နေမှုများအား ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။
စည်သူ(ပြန်/ဆက်)