ကျိုက်မရော ဇန်နဝါရီ ၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ အကျဉ်းဦးစီးဌာန၊ အကျဉ်းထောင်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်အမိန့်အမှတ် (၁/၂၀၂၃)ကျင့်ထုံးဥပဒေ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ အကျဉ်းထောင်အတွင်း စည်းကမ်းနှင့်အညီနေထိုင်သော အကျဉ်းသား၊ ကျား(၇၃)ဦး၊ မ(၂၂)ဦး စုစုပေါင်း(၉၅) ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ရရှိကြောင်း သိရသည်။
အဆိုပါလွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသားများထဲမှ နိုင်ငံရေးအကျဉ်းသား ကျား(၂၅)ဦး၊ မ(၁၅)ဦး စုစုပေါင်း နိုင်ငံရေးအကျဉ်းသား(၄၀)ဦးပါဝင်ပြီး အခြားအကျဉ်းသား ကျား(၄၈)ဦး၊ မ(၇)ဦး၊ စုစုပေါင်း (၅၅) ဦးတို့ဖြစ်ကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)