မော်လမြိုင် ဇန်နဝါရီ ၅
မော်လမြိုင်မြို့နယ်တွင် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက် ၈ နာရီအချိန်မှစတင်၍ ရပ်ကွက်/ကျေးရွာများတွင် ကျင်းပလျက်ရှိကြောင်း သိရသည်။
အားကစားပြိုင်ပွဲများကို ရပ်ကွက်/ကျေးရွာများရှိ လူငယ်၊ လူရွယ်များ၊ ကလေးငယ်များ၊ အားကစားဝါသနာရှင်များပါဝင်ယှဉ်ပြိုင်ကြပြီး အပြေးပြုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲ၊ ထုတ်ဆီးထိုးပြိုင်ပွဲများအပါအဝင် အခြားအားကစားနည်းပြိုင်ပွဲများအား အသက်အရွယ်အလိုက် အားကစားပြိုင်ပွဲများကို ပြုလုပ်ကျင်းပလျက်ရှိကြောင်း သိရသည်။
အဆိုပါ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သော အားကစားပြိုင်ပွဲအသီးသီးတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်