ကျိုက်ထိုမြို့နယ်၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်း အနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ကျိုက်ထိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အားကစားပြိုင်ပွဲများကျင်းပပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ(၄)ရက် နံနက် ၈ နာရီတွင် မြို့နယ်(အောင်ဆန်း) အားကစားကွင်း၌ကျင်းပပြုလုပ်ခဲ့သည်။

ယင်းပြိုင်ပွဲများသို့မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ အခြေခံပညာမူလတန်း၊ မူလတန်း(လွန်)၊ အလယ်တန်း၊ အထက်တန်း၊ အထက်တန်း(ခွဲ)ကျောင်းများမှ ကျောင်းသားကျောင်းသူများက အားကစားပြိုင်ပွဲများဖြစ်သော ဘော်လီဘော၊ပိုက်ကျော်ခြင်း၊ ဖူဆယ်နှင့်ထုပ်ဆီးတိုး၊ အခြားအားကစား ပြိုင်ပွဲအမျိုးမျိုးတို့ကို ကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူများနှင့်ဝန်ထမ်းများက တပျော်တပါးဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင်ဝင် ရောက်ယှဉ်ပြိုင်ခဲ့သည့် ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများအား ပထမ၊ ဒုတိယ၊ တတိယအဖြစ်ရွေးချယ်၍ ကျိုက်ထိုခရိုင်အုပ်ချုပ်ရေးမှူးဦးကျော်နိုင်ထွန်း၊ ကျိုက်ထိုမြို့နယ် အုပ်ချုပ်ရေးမှူးဦးမျိုးမင်းစိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများကဆုများ အသီးသီးချီးမြင့်ပေးခဲ့ကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)