ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့နိုင်ငံတော်အလံတင်အခမ်းအနား ကျင်းပ

ပေါင်   ဇန်နဝါရီ   ၅

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ (၇၅)နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင် အခမ်းအနားကို ယမန်နေ့နံနက်(၄:၂၀)အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိ  လွတ်လပ်ရေးကျောက်တိုင်ကွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင်  မြို့နယ်ရဲတပ်ဖွဲ့ဂုဏ်ပြုတပ်ဖွဲ့မှ နံနက် ၄ နာရီမိနစ် ၂၀ တွင် နိုင်ငံတော်အလံကိုလွှင့်တင်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များက (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားသို့ တက်ရောက်အလေးပြုခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ နံနက် ၇ နာရီအချိန်တွင် ဝါရီရူခန်းမ၌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ထံမှ ၂၀၂၃ ခုနှစ် ၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သောသဝဏ်လွှာအား မြို့နယ်စီမံကောင်စီအဖွဲ့ ဥက္ကဋ္ဌဦးထင်လင်းအောင်က ဖတ်ကြားခဲ့သည်။

ထို့နောက် လွတ်လပ်ရေးနေ့အတွက် စာစီစာကုံး၊ ကဗျာ၊ ဆောင်းပါးတို့အပြင် မြို့နယ်အလိုက်အားကစားနည်းမျိုးစုံဆုရရှိသူများ၊ ဌာနဆိုင်ရာဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသူများ၊ မြို့နယ်အားကစားပြိုင်ပွဲတွင် စွမ်းစွမ်းတမံကြိုးစားဆောင်ရွက်‌ခဲ့ကြသောသူများအား တာဝန်ရှိသူများကဂုဏ်ပြုမှတ်တမ်းလွှာများနှင့်ဆုများ ချီးမြှင့်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကလည်း လွတ်လပ်ရေးနေ့လက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)