ကျိုက်ထိုမြို့နယ်တွင် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်  နိုင်ငံတော် အလံတင်မင်္ဂလာအခမ်းအနားကျင်းပ

ကျိုက်ထို ဇန်နဝါရီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၄ နာရီမိနစ်၂၀ အချိန်က  မြို့နယ်ခန်းမအတွင်းရှိ လွတ်လပ်ရေးကျောက်တိုင်ရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။

နိုင်ငံတော်အလံတင် မင်္ဂလာအခမ်းအနားကို မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဦးဆောင်၍ဆောင်ရွက်ခဲ့ကြပြီး အဆိုပါ အခမ်းအနားသို့ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်ထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းစိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများနှင့်ဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမောင် (ပြန်/ ဆက်)